
နေပြည်တော် ၂၀၁၅ခုနှစ် ဇန်န၀ါရီ လ ၂၂ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် အတူ ယနေ့နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ ကျိုင်းတုံ၊မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းပျဉ်းမြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတောင်သူလယ်သမား များနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့်အရှိန်မြှင့်တင်မှုလုပ်ငန်းစဉ် (၆)အဖြစ် လယ်ယာကဏ္ဍမြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀မြှင့်တင် အကောင်အထည်ဖော်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားကာ အချိန်တိုအတွင်း ထိရောက်သော ရလဒ်များရရှိအောင် ဆောင်ရွက်ရေး မှာကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် ၀န်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းပျဉ်းမြို့နယ်များမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူလယ်သမားများက လယ်ယာကဏ္ဍမြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀မြှင့်တင်ရေးအတွက် လိုအပ်ချက်များတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဒေသခံများ၏ တင်ပြချက်များအပေါ် တာဝန်ယူဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်းသတင်းရရှိသည်။
