မြိတ် ၂၀၁၄ခုနှစ်၊ သြဂုတ်လ ၂၈ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၃၈)နှင့် အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ် (၆၇)ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၅ ရက် နံနက် ၈ နာရီက မြိတ်မြို့ အိမ်တွင်းမှု သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသူများနှင့် သင်တန်းသူ ၈ဝ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ကြိုးစားဆောင်ရွက်ကြပါ။ သင်တန်းပို့ချပေးမယ့် ဆရာမများ အနေနဲ့လည်း ယခင်ဖွင့်လှစ်ခဲ့တဲ့ သင်တန်းများကဲ့သို့စေတနာထားပြီး သင်ကြားပို့ချသွားကြပါလို့ တိုက်တွန်းမှာကြားရင်းနဲ့ နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်သည် သင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး သင်တန်းကျောင်း၏ အိမ်တွင်းမှုလက်ရာများနှင့် သင်တန်းခန်းမ အသစ်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါသင်တန်းကို ထားဝယ်မြို့နယ်၊ ပုလောမြို့နယ်၊ မြိတ်မြို့၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်များမှ သင်တန်းသူ ၈ဝ တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၄ ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment