နေပြည်တော် ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၁ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နှင့် ဇနီး ဒေါ်မြင့်မြင့်စိုးတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်(၉း၃၀) နာရီ အချိန်တွင်နေပြည်တော်ရှိ ရုံးအမှတ် (၄၂)စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ဇနီးတို့မှကြီးမှူး၍ ၀န်ထမ်းမိသားစုများမှ နမောတဿသုံးကြိမ်ပြိုင်တူရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သြ၀ါဒစရိယနေပြည်တော်ပျဉ်းမနားမြို့၊ သံလမ်းကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဥာဏ၀ံသ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့က ချီးမြှင့်သော ပရိတ်တရားတော်တို့ကို ရိုသေစွာ နာကြားကြပါသည်။
No comments:
Post a Comment