ဇွန်လ ၂၇ ရက် နေပြည်တော်
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်
တည်ဆောက်ရေးလုပ်ငန်း စီမံရေးကော်မတီသို့ တင်ပြနိုင်ခြင်းမရှိသေးသည့်
တည်ဆောက်ရေုးလုပ်ငန်းများအား ၂၀၁၄ခုနှစ်၊ ဇွန်လကုန်အတွင်း
အပြီးသတ်ရေးဆွဲနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ကွပ်ကဲမှုအောက်ရှိပြည်နယ်/တိုင်းဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများမှဒေသကြီးကြပ်ရေးမှူးများ
သက်ဆိုင်ရာပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ဦးစီးဌာနရှိတာဝန်ရှိသူများအား
ညွှန်ကြားရေးမှူးချုပ်မှတွေ့ဆုံ၍ နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများအား
တတိယအဆင့် အရှိန်မြင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ
အကောင်အထည်ဖော်ရာ၌ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်းနှင့် တာဝန်သိသိ
တာဝန်ယူလုပ်ကိုင်တတ်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ဒေသဖွံ့ဖြိုးရေးအတွက်
တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်း
စီမံခန့်ခွဲနိုင်ရေး ဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်ကိုနေပြည်တော်ရှိ
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
အစည်းအဝေးခန်းမ၌ ဇွန်(၂၃)ရက် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။
နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့်
ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ၏ အသေးစိတ်တွက်ချက်မှု စာရင်းများကို
တည်ဆောက်ရေး လုပ်ငန်းစီစစ်ရေးကော်မတီသို့ ၂၀၁၄ခုနှစ်၊ ဇွန်လကုန်အတွင်း
တင်ပြနိုင်ရေး လိုအပ်သည့် ဌာနများနှင့်ပေါင်းစပ်ညိုနှိုင်းစီမံဆောင်ရွက်ရန်၊
၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေ
တင်ပြတောင်းခံဆောက်ရွက်သွားလိုသည့် လုပ်ငန်းများအား ယခုမှစ၍ စိစစ်ပြီး
သက်ဆိုင်ရာတိုင်း၊ပြည်နယ်အစိုးရများထံ တင်ပြညှိနှိုင်း အတည်ပြုမှုရယူပြီး
ဆက်လက်တင်ပြနိုင်ရေးဆောင်ရွက်သွားရန် မှာကြားပြီး တက်ရောက်လာသည့်
တာဝန်ရှိသူများမှဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား
ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment