နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့
ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)
အစားထိုး သီးနှံစိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏
စီမံကိန်းဆိုင်ရာ လိုအပ်ချက်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ
နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြား ရေးမှူးချုပ် ဦးထွေးလှက
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အကောင်အထည်ဖော် လျက်ရှိသည့် အစားထိုးသီးနှံ
စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းနှင့် စပ်လျဉ်း၍
ရှင်းလင်းပြောကြားသည်။
ထို့နောက် (JICA)မှ
ကျွမ်းကျင်ပညာရှင်များက စီမံကိန်းနယ်မြေအတွင်း စီမံကိန်း ထိရောက်စွာ
အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်ချက်များအား စစ်တမ်း
ကောက်ယူခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ
ဌာနဆိုင်ရာတာဝန်ရှိသူများကဖြည့်စွက် အကြံပြုကြသည်။
အဆိုပါစီမံကိန်းကို စီမံကိန်းရန်ပုံငွေ
အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၁ သန်းဖြင့်ဆွေးနွေးညှိနှိုင်းချက်
မှတ်တမ်းလက်မှတ်ရေးထိုး၍ ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ မူဆယ်၊
လောက်ကိုင်နှင့်ကျောက်မဲခရိုင်များတွင် အကောင်အထည်ဖော် လျက်ရှိကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment