စစ်တွေ ၂၀၁၄ခုနှစ် စက်တင်ဘာလ ၂ရက်
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီ စီမံခန့်ခွဲရေး ဒသမအဖွဲ့မှ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ် တင်အောင်ချစ်၊ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးမြအောင်နှင့်အဖွဲ့သည် စက်တင်ဘာ၁ရက် နံနက်ပိုင်းတွင်မောင်တောမြို့မှ ဖားဝပ်ချောင်းကျေးရွာ သို့ရောက်ရှိပြီး ဖားဝပ်ချောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျေးရွာသူကျေးရွာသားများ၊ ပညာရေးဌာနမှ ဆရာဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကိစ္စနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် UN, INGO များအနေဖြင့် လူမှုအဖွဲ့အစည်းနှစ်ရပ်လုံး မျှတစွာဆောင်ရွက်ပေးရေးအတွက်ပြည်နယ်အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးနေမှု၊ နတလကျေးရွာများအတွက် နိုင်ငံတော်ကပံ့ပိုးပေးထားသည့် လယ်ထွန်စက်များ၊ စက်ပစ္စည်းများ ပျက်စီးပါကပြုပြင်နိုင်ရန် စက်ပြင်ဆရာသင်တန်းများ ဖွင့်လှစ်နိုင်ရန်Mobile Team အဖွဲ့များစေလွှတ်ပြီး သင်တန်းပို့ချပေးမည့် ကိစ္စရပ်များနှင့် စိုက်ပျိုးရေး၊ရပ်ရွာလုံခြုံရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက်ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးမြအောင်ကကျေးရွာတွင် စိုက်ပျိုးရေးဆောင်ရွက်နိုင်မှု၊နိုင်ငံတော်မှပံ့ပိုးဆောင်ရွက်ပေးမှုများနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ရှင်းလင်းမှာကြားခဲ့ပြီးကျေးရွာမှတင်ပြသည့်ကျောင်းဆရာ ဆရာမများ၏နေထိုင်ရေး၊ စိုက်ပျိုးရေးနှင့်လုံခြုံရေးကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့်ဆောက်လုပ်ထားသောနှစ်ခန်းတွဲဝန်ထမ်းအိမ်ရာနှစ်လုံးကိုလည်းကောင်း၊ အိမ်ရာ ထပ်မံတိုးချဲ့တည်ဆောက်မည့်မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ဆောက်လုပ်ပြီး အိမ်ရာကို ယာယီခြံစည်းရိုးကာရံနိုင်ရန် ပံ့ပိုးငွေပေးအပ်ခဲ့သည်။
ယင်းနောက် ဖားဝပ်ချောင်းကျေးရွာ ကျန်းမာရေးဌာနခွဲကို ကြည့်ရှုစစ်ဆေးပြီး သုခမြိုင်ကျေးရွာသို့ရောက်ရှိကာ တစ်ဖက်နိုင်ငံမှရောက်ရှိလာသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအားနေရာချထားပေးမှုကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် နွားရုံတောင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းဆောက်လုပ်ပြီးစီးမှုကို စစ်ဆေးပြီးယခင် သုခမြိုင်ကျေးရွာ တည်ဆောက်စဉ်က နယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှဆောက်လုပ်လှူဒါန်းခဲ့သောသုခမြိုင် ဘုန်းတော်ကြီးကျောင်းတွင် ပျက်စီးနေသည့်ကျောင်းအမိုးနှင့်လိုအပ်သည်များပြုပြင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ မွန်းလွဲပိုင်းတွင် ဘူးသီးတောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ သပြေကုန်း အခြေခံပညာမူလတန်းကျောင်း၌ ဆရာ ဆရာမများနှင့်တွေ့ဆုံကာကျောင်းသားကျောင်းသူများ အတွက်ကျောင်းဝတ်စုံနှင့်ဗလာစာအုပ်များ ပေးအပ်လှူဒါန်း၍ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။



No comments:
Post a Comment