Tuesday, February 3, 2015

လယ်ယာကဏ္ဍမြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀မြှင့်တင်ရေးဆောင်ရွက်

နေပြည်တော် ၂၀၁၅ခုနှစ် ဇန်န၀ါရီ လ ၂၂ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် အတူ ယနေ့နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ ကျိုင်းတုံ၊မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းပျဉ်းမြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတောင်သူလယ်သမား များနှင့် တွေ့ဆုံသည်။
          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့်အရှိန်မြှင့်တင်မှုလုပ်ငန်းစဉ် (၆)အဖြစ် လယ်ယာကဏ္ဍမြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀မြှင့်တင် အကောင်အထည်ဖော်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားကာ အချိန်တိုအတွင်း ထိရောက်သော ရလဒ်များရရှိအောင် ဆောင်ရွက်ရေး မှာကြားခဲ့သည်။
          ထို့နောက် ရှမ်းပြည်နယ် ၀န်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းပျဉ်းမြို့နယ်များမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူလယ်သမားများက လယ်ယာကဏ္ဍမြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀မြှင့်တင်ရေးအတွက် လိုအပ်ချက်များတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဒေသခံများ၏ တင်ပြချက်များအပေါ် တာဝန်ယူဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်းသတင်းရရှိသည်။

Monday, February 2, 2015

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသမိုင်းအကျဉ်း



နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဌ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များကို အခြေခံပညာနှင့် အဆင့်မြင့် ပညာရပ်များ ပိုမိုသင်ကြားလေ့ကျင့်ပေးပြီး မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးတွင် တာဝန်ထမ်းဆောင်နိုင်မည့် တိုင်းရင်းသားလူငယ် အသိပညာရှင် ၊အတတ်ပညာရှင်များကို ပြုစုပျိုးထောင် သင်ကြားလေ့ကျင့်ပေးရန် နှင့်နယ်စပ်ဒေသရှိ အမျိုးသမီးငယ်များအားအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာရပ်များ တတ်မြောက်စေရန်အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနခအား ၃ဝ-၆-၉၉ ရက်နေ့ စတင်ဖွင့်လှစ်ခဲ့ပါသည်။

နောက်ခံသမိုင်းကြောင်း

 နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် အရာထမ်း (၄၉) ဦး၊ အမှုထမ်း (၁၅၈) ဦး၊ ဝန်ထမ်း စုစုပေါင်း (၂၀၇) ဦးဖြင့် ဖွဲ့စည်းထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လက်အောက်တွင် သီးခြားရုံးတစ်ရုံးအဖြစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရုံး၏ ၁၉၉၂ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့စွဲပါ ရုံးအမိန့်အမှတ်စဉ် (၁၇/၉၂)ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဆက်လက်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့်အဖွဲ့အစည်းများ ပိုမိုများပြားလာသည့် အလျောက် ယင်းတို့အခြေပြုရာဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးနိုင်ရန်အတွက် ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံး ဖွဲ့စည်းပုံ (မူကြမ်း) အား ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့ ဝန်ကြီးများရုံးရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ကိုယ်တိုင်တက်ရောက်၍ အသေးစိတ် စိစစ်ပြင်ဆင်ဖြည့်စွက်ပြီး ဦးစီးဌာနရုံး အဖြစ် ဖွဲ့စည်းရေး လမ်းညွှန်ခဲ့ပါသည်။
     နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဌ၏ လမ်းညွှန်ချက် နှင့်အညီ ရေးဆွဲပြုစုထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖွဲ့စည်းပုံအား ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄၀/၉၅) တွင် တင်ပြခဲ့ရာ အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိခဲ့သဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံးကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအဖြစ် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့ပါ သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံကို နယ်ဘက် အရာထမ်း (၁၉၄) ဦး၊ အမှုထမ်း (၁၉၆၄) ဦး၊ စစ်ဘက်အင်ဂျင်နီယာ တပ်ရင်းအရာရှိ (၁၀၅) ဦး၊ အခြားအဆင့် (၃၄၂၀) ဦး၊ စုစုပေါင်း (၅၆၈၃) ဦး ဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။

Friday, January 30, 2015

အမျိုးသမီးအိမ်တွင်းမှုသက်မွေး စက်ချုပ်သင်တန်းဖွင့်

မြိတ် ၂၀၁၄ခုနှစ်၊ သြဂုတ်လ ၂၈ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၃၈)နှင့် အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ် (၆၇)ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၅ ရက် နံနက် ၈ နာရီက မြိတ်မြို့ အိမ်တွင်းမှု သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသူများနှင့် သင်တန်းသူ ၈ဝ တက်ရောက်ခဲ့ကြသည်။
    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ကြိုးစားဆောင်ရွက်ကြပါ။ သင်တန်းပို့ချပေးမယ့် ဆရာမများ အနေနဲ့လည်း ယခင်ဖွင့်လှစ်ခဲ့တဲ့ သင်တန်းများကဲ့သို့စေတနာထားပြီး သင်ကြားပို့ချသွားကြပါလို့ တိုက်တွန်းမှာကြားရင်းနဲ့ နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်သည် သင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး သင်တန်းကျောင်း၏ အိမ်တွင်းမှုလက်ရာများနှင့် သင်တန်းခန်းမ အသစ်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါသင်တန်းကို ထားဝယ်မြို့နယ်၊ ပုလောမြို့နယ်၊ မြိတ်မြို့၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်များမှ သင်တန်းသူ ၈ဝ တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၄ ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းဆင်းပွဲနှင့် တာဝန်ခန့်အပ်

ရန်ကုန် ၂၀၁၄ခုနှစ်  သြဂုတ် လ  ၃၁ ရက်
နယ်စပ်ဒေသအပါအဝင်ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသကျေးလက်မြို့ပြနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကိုသြဂုတ် ၃ဝရက် နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)အမှတ် (၅၁) ရပ်ကွက်မြဝတီမင်းကြီးလမ်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကိုယ်စားညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင်တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။
    အခမ်းအနားသို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး၊ ဗဟိုလေ့ကျင့်ရေးကျောင်းကျောင်းအုပ်ကြီးဦးမင်းသန့်၊ အထည်ချုပ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ နည်းပြများနှင့်သင်တန်းဆင်း သင်တန်းသူ ၁ဝဝ တို့ တက်ရောက်ကြသည်။
   ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ၊ နည်းပြများနှင့်သင်တန်းသူများအတွက်ထောက်ပံ့ငွေများပေးအပ်ပြီး သင်တန်းဆင်း အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ကြမည့်သင်တန်းသူ ၁ဝဝ အား အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ လွှဲပြောင်းပေးသည်။
   သင်တန်းသူများမှာ ဗမာ ၅၄ ဦး၊နာဂ ၁ဝ ဦး၊ ရှမ်း ၁ဝဦး၊ ကယားသုံးဦး၊ ပလောင်လေးဦး၊ လီဆူလေးဦး၊ ချင်း ၁ဝ ဦး၊ ရခိုင်ငါးဦးတို့ဖြစ်သည်။ ထို့နောက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူးဒေါ်မို့မို့သွင်က အလုပ်သမား အသိအမှတ်ပြုလွှာများပေးအပ်ပြီး အထည်ချုပ်အလုပ်သမား ၅ဝ ကို (Myanmar Synergy Garment Co,Ltd.) မန်နေဂျာ ဦးချိုလွင်ဦးအားလည်းကောင်း၊ အလုပ်သမား ၅ဝကို(Cherry Garment Co.,Ltd.) မန်နေဂျင်းဒါရိုက်တာ ဒေါ်ယဉ်ယဉ်ဌေးအား လည်းကောင်း လွှဲပြောင်းပေးအပ်သည်။
    ယင်းနောက် (Cherry Garment Co.,Ltd.) မန်နေဂျင်းဒါရိုက်တာ ဒေါ်ယဉ်ယဉ်ဌေးက သင်တန်းဆင်း အထည်ချုပ် အလုပ်သမားများအား အထည်ချုပ်ဝန်ထမ်းအဖြစ် ခန့်အပ်လွှာပေးအပ်ပြီး အလုပ်ခန့်အပ်ရခြင်း အကြောင်းရင်းနှင့် အလုပ်သမားများ၏ ခံစားခွင့်နှင့် ရပိုင်ခွင့်များ ရှင်းလင်းပြောကြားသည်။ နယ်စပ်ရေးရာ ဝန်ကြီးဌာနပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည်နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ နယ်စပ်ဒေသကျေးလက်၊မြို့ပြနေပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ဦးစားပေး လိုအပ်ချက်များဖြည့်ဆည်းရန် အလုပ်အကိုင်အခွင့်အလမ်းများဖော်ထုတ်ပေးတွေက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ သင်တန်း အမှတ်စဉ်(၁)အား သြဂုတ်၎ ရက်မှ ၁၅ ရက်အထိသင်တန်းဆင်းပြီး (Myanmar Synergy Co.,Ltd.) တွင် အလုပ်တာဝန်များပေးအပ်ကာ လုပ်ငန်းတာဝန်များဆောင်ရွက်နေကြပြီဖြစ်သည်။
     ယခု သင်တန်းအမှတ်စဉ်(၂)အားသြဂုတ် ၁၈ရက်တွင် စတင်ဖွင့်လှစ်ပြီး၂၉ ရက်တွင် သင်တန်းဆင်းပြီးမြောက်ကာ (Myanmar Synergy Co.,Ltd.)တွင် တိုင်းရင်းသူ ၅ဝ ၊ (Cherry Garment Co.,Ltd.)တွင် ၅ဝ ခွဲဝေအပ်နှင်းကာ အထည်ချုပ်ကျွမ်းကျင် ဝန်ထမ်းများအဖြစ် တာဝန်များ ထမ်းဆောင်တော့မည်ဖြစ်သည်။ နယ်စပ်ဒေသအပါအဝင် ကျေးလက် မြို့ပြနေပြည်သူများ လူမှုစီးပွားဘဝ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဆောင်ရွက်နိုင်ရန်ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်း အမှတ်စဉ်(၃)တွင် နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသူ ၁၄ဝ တိုးမြှင့်သင်တန်းပေး၍ အထည်ချုပ်စက်ရုံများတွင် ခန့်အပ်တာဝန်ပေးရန်စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။
    ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းနှင့်အဆင့်မြင့်စက်ချုပ်(အထူး) သင်တန်းတို့မှ သင်တန်းသူများအား လက်တွေ့ သင်ကြားနေမှုကိုကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

Thursday, January 29, 2015

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်သိမှု၊ တာဝန်ယူမှု၊ ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုဖြင့် အောင်မြင်စွာ ဆောင်ရွက်သွားရန် ဆွေးနွေး

ဇွန်လ ၂၇ ရက် နေပြည်တော်

 ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်း စီမံရေးကော်မတီသို့ တင်ပြနိုင်ခြင်းမရှိသေးသည့် တည်ဆောက်ရေုးလုပ်ငန်းများအား ၂၀၁၄ခုနှစ်၊ ဇွန်လကုန်အတွင်း အပြီးသတ်ရေးဆွဲနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိပြည်နယ်/တိုင်းဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများမှဒေသကြီးကြပ်ရေးမှူးများ သက်ဆိုင်ရာပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ဦးစီးဌာနရှိတာဝန်ရှိသူများအား ညွှန်ကြားရေးမှူးချုပ်မှတွေ့ဆုံ၍ နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများအား  တတိယအဆင့် အရှိန်မြင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာ၌ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်းနှင့် တာဝန်သိသိ တာဝန်ယူလုပ်ကိုင်တတ်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲနိုင်ရေး ဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်ကိုနေပြည်တော်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်(၂၃)ရက် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။
  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ၏ အသေးစိတ်တွက်ချက်မှု စာရင်းများကို တည်ဆောက်ရေး လုပ်ငန်းစီစစ်ရေးကော်မတီသို့ ၂၀၁၄ခုနှစ်၊ ဇွန်လကုန်အတွင်း တင်ပြနိုင်ရေး လိုအပ်သည့် ဌာနများနှင့်ပေါင်းစပ်ညိုနှိုင်းစီမံဆောင်ရွက်ရန်၊ ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံဆောက်ရွက်သွားလိုသည့် လုပ်ငန်းများအား ယခုမှစ၍ စိစစ်ပြီး သက်ဆိုင်ရာတိုင်း၊ပြည်နယ်အစိုးရများထံ တင်ပြညှိနှိုင်း အတည်ပြုမှုရယူပြီး ဆက်လက်တင်ပြနိုင်ရေးဆောင်ရွက်သွားရန် မှာကြားပြီး တက်ရောက်လာသည့် တာဝန်ရှိသူများမှဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

အစားထိုးသီးနှံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း လိုအပ်ချက်များ စည်းဝေး

နေပြည်တော် ၂၀၁၄ခုနှစ်၊ သြဂုတ် လ ၂ဝ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ  (JICA)တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အစားထိုး သီးနှံစိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ စီမံကိန်းဆိုင်ရာ လိုအပ်ချက်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြား ရေးမှူးချုပ် ဦးထွေးလှက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အကောင်အထည်ဖော် လျက်ရှိသည့် အစားထိုးသီးနှံ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။



ထို့နောက် (JICA)မှ ကျွမ်းကျင်ပညာရှင်များက စီမံကိန်းနယ်မြေအတွင်း စီမံကိန်း ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်ချက်များအား စစ်တမ်း ကောက်ယူခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ ဌာနဆိုင်ရာတာဝန်ရှိသူများကဖြည့်စွက် အကြံပြုကြသည်။
   အဆိုပါစီမံကိန်းကို စီမံကိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၁ သန်းဖြင့်ဆွေးနွေးညှိနှိုင်းချက် မှတ်တမ်းလက်မှတ်ရေးထိုး၍ ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ မူဆယ်၊ လောက်ကိုင်နှင့်ကျောက်မဲခရိုင်များတွင် အကောင်အထည်ဖော် လျက်ရှိကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒသမအဖွဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုစစ်ဆေး



စစ်တွေ ၂၀၁၄ခုနှစ် စက်တင်ဘာလ  ၂ရက်
   ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီ စီမံခန့်ခွဲရေး ဒသမအဖွဲ့မှ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ် တင်အောင်ချစ်၊ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးမြအောင်နှင့်အဖွဲ့သည် စက်တင်ဘာ၁ရက် နံနက်ပိုင်းတွင်မောင်တောမြို့မှ ဖားဝပ်ချောင်းကျေးရွာ သို့ရောက်ရှိပြီး ဖားဝပ်ချောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျေးရွာသူကျေးရွာသားများ၊ ပညာရေးဌာနမှ ဆရာဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကိစ္စနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် UN, INGO များအနေဖြင့် လူမှုအဖွဲ့အစည်းနှစ်ရပ်လုံး မျှတစွာဆောင်ရွက်ပေးရေးအတွက်ပြည်နယ်အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးနေမှု၊ နတလကျေးရွာများအတွက် နိုင်ငံတော်ကပံ့ပိုးပေးထားသည့် လယ်ထွန်စက်များ၊ စက်ပစ္စည်းများ ပျက်စီးပါကပြုပြင်နိုင်ရန် စက်ပြင်ဆရာသင်တန်းများ ဖွင့်လှစ်နိုင်ရန်Mobile Team အဖွဲ့များစေလွှတ်ပြီး သင်တန်းပို့ချပေးမည့် ကိစ္စရပ်များနှင့် စိုက်ပျိုးရေး၊ရပ်ရွာလုံခြုံရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

  ထို့နောက်ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးမြအောင်ကကျေးရွာတွင် စိုက်ပျိုးရေးဆောင်ရွက်နိုင်မှု၊နိုင်ငံတော်မှပံ့ပိုးဆောင်ရွက်ပေးမှုများနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ရှင်းလင်းမှာကြားခဲ့ပြီးကျေးရွာမှတင်ပြသည့်ကျောင်းဆရာ ဆရာမများ၏နေထိုင်ရေး၊ စိုက်ပျိုးရေးနှင့်လုံခြုံရေးကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့်ဆောက်လုပ်ထားသောနှစ်ခန်းတွဲဝန်ထမ်းအိမ်ရာနှစ်လုံးကိုလည်းကောင်း၊ အိမ်ရာ ထပ်မံတိုးချဲ့တည်ဆောက်မည့်မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ဆောက်လုပ်ပြီး အိမ်ရာကို ယာယီခြံစည်းရိုးကာရံနိုင်ရန် ပံ့ပိုးငွေပေးအပ်ခဲ့သည်။



 ယင်းနောက် ဖားဝပ်ချောင်းကျေးရွာ ကျန်းမာရေးဌာနခွဲကို ကြည့်ရှုစစ်ဆေးပြီး သုခမြိုင်ကျေးရွာသို့ရောက်ရှိကာ တစ်ဖက်နိုင်ငံမှရောက်ရှိလာသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအားနေရာချထားပေးမှုကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် နွားရုံတောင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းဆောက်လုပ်ပြီးစီးမှုကို စစ်ဆေးပြီးယခင် သုခမြိုင်ကျေးရွာ တည်ဆောက်စဉ်က နယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှဆောက်လုပ်လှူဒါန်းခဲ့သောသုခမြိုင် ဘုန်းတော်ကြီးကျောင်းတွင် ပျက်စီးနေသည့်ကျောင်းအမိုးနှင့်လိုအပ်သည်များပြုပြင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ မွန်းလွဲပိုင်းတွင် ဘူးသီးတောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ သပြေကုန်း အခြေခံပညာမူလတန်းကျောင်း၌ ဆရာ ဆရာမများနှင့်တွေ့ဆုံကာကျောင်းသားကျောင်းသူများ အတွက်ကျောင်းဝတ်စုံနှင့်ဗလာစာအုပ်များ ပေးအပ်လှူဒါန်း၍ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေုးလုပ်ငန်း ဆောင်ရွက်နေမှုများ စစ်ဆေး

နေပြည်တော် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ရက်
      နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မွန်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို နိုဝင်ဘာ ၁၅ရက်မှ ၁၆ရက်အထိ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
    နိုဝင်ဘာ၁၅ရက်တွင် ကျိုက်ထိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော အင်္ဂဘို-မိုးဘောဘေလီတံတား ကမ်းကပ်ခုံဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ကော်မတီ သုံးရပ်မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဆိပ်ဖူးတောင် ပရဟိတလူငယ်ကျောင်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီးထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးရုံးဖွဲ့စည်းပုံ


နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၁ရက်
          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နှင့် ဇနီး ဒေါ်မြင့်မြင့်စိုးတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်(၉း၃၀) နာရီ အချိန်တွင်နေပြည်တော်ရှိ ရုံးအမှတ် (၄၂)စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
        အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ဇနီးတို့မှကြီးမှူး၍ ၀န်ထမ်းမိသားစုများမှ နမောတဿသုံးကြိမ်ပြိုင်တူရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သြ၀ါဒစရိယနေပြည်တော်ပျဉ်းမနားမြို့၊ သံလမ်းကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဥာဏ၀ံသ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့က ချီးမြှင့်သော ပရိတ်တရားတော်တို့ကို ရိုသေစွာ နာကြားကြပါသည်။